ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စုအတွင်း “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ပူတာအို  ဒီဇင်ဘာ  ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား “ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပူတာအိုမြို့နယ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင် ဦးစီးသော ဝန်ထမ်းများက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု၊ ထူးဆန်းကျေးရွာ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး မူကြိုကျောင်းတွင် အခြေချကာ ပူတောင်း ကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (၁၁)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၄)ကတ်တို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကာ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး “ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဆွေးနွေးခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းစသည့် အသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “ပန်းခင်းစီမံချက်ဖြင့် ပူတာအိုမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့ပြီး ဒီဇင်ဘာ(၁၂)ရက်နေ့အထိ နိုင်-၃(က) အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၁၁၃၃)ကတ်၊နိုင်-၆(က)  အသက် (၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၇၉၉)ကတ်နှင့် အိမ်ထောင်စုအရေအတွက် (၁၂၇)စု အား ကွင်းဆင်းပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)