ဆီဆိုင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား (ပဥ္စမအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး းဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူ စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာစေခဲ့ကြောင်းသိရသည်။
မျိုးမြတ်(ဆီဆိုင်)