ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်    ဒီဇင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်းစာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖတ်ရှုပြီး စာဖတ် ဝိုင်း ကျင်းပကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင်များ ဖြစ်သည့် ဒေါ်မြမြဝင်းက “အနာဂတ်ကို မျှော်တွေးပါ”၊ မခင်ခန့်ခန့်ဇော်က “မိသားစုပရဟိတ”၊ မခင်ရတနာသိန်းက “လောကဓံနဲ့ လောကဒဏ်”၊ မောင်နန္ဒကျော်က “ကိုချင်းစာစိတ်လေး ရှိစေချင်” စသည့် စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှု များအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်း ဆွေးနွေး ကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)