ကလိန်အောင် ဒီဇင်ဘာ ၁၄
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ရောက်ရှိမည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက် ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်တွင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန) တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသားကျောင်းသူများအနေဖြင့် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ အခြားဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ဗဟုသုတများတိုးပွားရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
အဆိုပါ စကားပုံဆက် ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့ဦးစီးမှူးက လက်ဆောင်ပစ္စည်းများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်