သတင်းများ

တန့်ယန်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံ
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့'' ဆိုသည့်အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ထိုးနှံပေးသည်။
ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ ဒေသခံပြည်သူ ၂၅၈၀ ဦး ကာကွယ်ဆေးလာရောက်ထိုးနှံ
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်း က ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးရာ ယနေ့ ဒေသခံပြည်သူ ၂၅၈၀ ဦး ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
သရက်ချောင်းမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Nov 15,2021
၂၀၂၁ ခုနှစ် နို၀င်ဘာလ (၂၈)ရက် နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းကို ထား၀ယ်ခရိုင်၊ သရက် ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်ကအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် တိုင်းရင်းဆေးပညာသင်တန်းဖွင့်လှစ်ပို့ချ
Nov 15,2021
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးခန်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၁၀)နာရီ က ပျော်ဘွယ် မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝက်လက်မြို့ ၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်ပ
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
ထီးချိုင့်မြို့၌ (၆၉) ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန် ကျင်းပ
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်တွင် နှစ်စဉ်မပျက် တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန်အား ယခုလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါသည်။
တန့်ယန်းမြို့နယ် နမ့်ပုံဘုန်းတော်ကြီးကျောင်းအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ကထိန်လျာ သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုတ်လောင်းကျေးရွာအုပ်စု နမ့်ပုံဘုန်းတော်ကြီးကျောင်းအား မြို့နယ် အရန်မီးသတ်တပ်ရင်း (မိသားစု)မှ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်း ဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများအလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်များ ကျင်းပ
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၃ခု၊ တန်ဆောင် မုန်းလပြည့်နေ့မတိုင်မီ ကာလများအတွင်း သက်ဆိုင်ရာ နေရာအသီးသီးတို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။