သရက်ချောင်း နို၀င်ဘာ ၁၅
၂၀၂၁ ခုနှစ် နို၀င်ဘာလ (၂၈)ရက် နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းကို ထား၀ယ်ခရိုင်၊ သရက် ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်ကအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်၀င်းက အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွါးလာစေရန်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဖြစ်လာစေရေး၊ သရက်ချောင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးနွယ်၀င်း