ဝက်လက် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
အဆိုပါ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီစဉ်တွင် ဝက်လက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးအောင် က စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ လုပ်ငန်းစဉ်များ၊ စားသုံးသူဆိုသည်မှာ ကော်မရှင်နှင့် ကော်မတီဆိုသော စကားရပ်များကို အကျယ်အဝံ့ ရှင်းလင်းပြောကြားသည်။
စိုးစိုးလှိုင် (ဝက်လက်)