ပျော်ဘွယ်မြို့နယ်တွင် တိုင်းရင်းဆေးပညာသင်တန်းဖွင့်လှစ်ပို့ချ

ပျော်ဘွယ် နိုဝင်ဘာ ၁၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးခန်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၁၀)နာရီ က ပျော်ဘွယ် မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက တိုင်းရင်းဆေး ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ထားထားထွေးက တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ရာသီစက်ဝန်းအလိုက် ဖြစ်ပွား တတ်သောရောဂါများ၊ ရာသီတုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ရာသီ အကူးအပြောင်းတွင် ကျန်းမာစွာနေထိုင်နည်းတို့ကို အကျယ်တဝင့်ရှင်းလင်းပို့ချသည်။

အဆိုပါသင်တန်းသို့ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးနှင့် ပြည်သူ (၁၀)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)