တန့်ယန်းမြို့နယ် နမ့်ပုံဘုန်းတော်ကြီးကျောင်းအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ကထိန်လျာ သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တန့်ယန်း နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုတ်လောင်းကျေးရွာအုပ်စု နမ့်ပုံဘုန်းတော်ကြီးကျောင်းအား မြို့နယ် အရန်မီးသတ်တပ်ရင်း (မိသားစု)မှ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပခဲ့သည်။

ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက်၏ ဦးစီးဆရာတော် ဘဒ္ဒန္တကောလိယ (သဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ပုတ်လောင်းကျေးရွာအုပ်စု နမ့်ပုံဘုန်းတော်ကြီး ကျောင်းအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ လှူဒါန်းသော ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ် အရန်မီးသတ်တပ်ရင်း ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များက ဆက်ကပ် လှူဒါန်းခဲ့သည်။

အခမ်းနားတွင် ဆက်ကပ်လှူဒါန်းသော စုစုပေါင်း တန်ဖိုးငွေကျပ်(၂၂)သိန်းခန့် တန်ဖိုးရှိ ကထိန်လျာ သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများကို အများပြည်သူများ ပါဝင်ပူးပေါင်းမှုဖြင့် ပုတ်လောင်းကျေးရွာအုပ်စု၊ နမ့်ပုံဘုန်းတော်ကြီးကျောင်းအား ဆက်ကပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)