သတင်းများ

ပိုင်ကျုံမြို့၌ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ပြုလုပ်
Nov 15,2021
ကရင်ပြည်နယ် ဘားအံခရိုင်ခရိုင် ပိုင်ကျုံ​မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေး (Talk Show)ကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီး မဏ္ဍိုင်)၊ကျေးလက်ကျန်းမာရေးဌာနခွဲ(လေညာ)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(တောင်ငယ်)တို့တွင်ကိုဗစ်-၁၉ ကာကွယ်ဆေးPhase (4) First  Doses အားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ "မြန်မာ့တန်‎ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်းသိကောင်းစရာ" ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် "မြန်မာ့တန်‎ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ "အစီအစဉ်ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ မိုးစပါး စံကွက် ရိတ်သိမ်းပွဲကျင်းပ
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာအုပ်စု၊ပန်းပဲစုကျေးရွာ ကွင်းအမှတ်(၁၁၈) ပန်းဘဲစုအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၅+၂၆+၂၇+၄၅)၊ စုစုပေါင်း(၃၇.၁၁)ဧကရှိ တောင်သူ ဦးအေးသန်းစိုက်ပျိုးလုပ်ကိုင်သောမြေအတွင်းမှ စိုက်ပျိုးထားသည့် ဒေသစပါးမျိုးပေါ် ဆန်းရင်(သင့်) အဆင့်အတန်းကိုယ်စားပြုစံပြကွက်အား ယနေ့နံနက်၉နာရီခွဲ၌ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။
မြို့သစ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ဆောင်ရွက်
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုများ စုပေါင်း၍ ၂၂ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူပွဲကျင်းပ
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများ၏ ၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အလှူပွဲကို နံနက် ၉ နာရီ ၁၅ အချိန်က မဟာဝိသုတာရာမပရိယတ္တိ စာသင်တိုက်ရွှေဘုံသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲကျင်းပ
Nov 15,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ (၂၈)နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မိုးညှင်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 15,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ လူဦးရေ(၃၃၄၅)ဦးတို့ကို စုရပ်နေရာခြောက်ခု တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။