မင်းလှ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က (မြို့ပြင်) ကျောင်းနှင့် ဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။
ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းတွင် ဆေးထိုးစုရပ် ထားရှိသည့် အ.ထ.က မင်းလှ(မြို့ပြင်)တွင် (၂၀၈)ဦး၊ အ.ထ.က (ခွဲ) ဦးတိုစာဖြူစုတွင် (၁၃၁) ဦး အ.ထ.က( ခွဲ)ကိုင်းပြင်ကြီးတွင် (၃၆၁)ဦး၊ အ.ထ.က( ခွဲ) ကညင်ပင်တွင်(၂၃၆) ဦးတို့အား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ ထိုးနှံပေးနိုင်ခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၄၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၁၈၈) ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ ယနေ့ချိန်မှ စတင်၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၉၃၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ