ဇေယျာသီရိ နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြစန်းရီက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရန် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးများ ကောင်းမွန်လာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို ကလေးငယ်များ သိရှိစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်၍ ဟောပြောပွဲပြုလုပ်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပြီးနောက် ဇေယျာသီရိမြို့နယ် Boock Club အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းထိုက်က အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းများကို ကလေးငယ်များအား ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စု၊ သစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ (၂၇) ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)