ပေါင်းတည်မြို့၌ အားကစား အသိပညာပေး ဟောပြော

ပေါင်းတည် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ပြုလုပ်သည့် အားကစားအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အထက ပေါင်းတည် ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားမှူး ဒေါ်နီလာဝင်းက အာကစားနှင့်သက်ဆိုင်သော အခြေခံသဘောတရားများနှင့် အားကစားနှင့် ကာယပညာ သိပ္ပံရန်ကုန်ကျောင်း၏ တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုများကို ဟောပြောပြီး အကြောလျော့ လေ့ကျင့်ခန်းနှင့် လမ်းလျှောက်မယ် လမ်းလျှောက်မယ်သီချင်းဖွင့်၍ Fitness Dance အကဖြင့် သရုပ်ပြသခြင်းနှင့် သင်ကြားပေးခဲ့သည်။ ထို့နောက် အားကစား အသုံးပြုရန် ဘတ်စကက်ဘောလုံး နှစ်လုံးကို လှူဒါန်းရာ ကာယနည်းပြက လက်ခံရယူသည်။ အခမ်းအနားသို့ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)