ပင်လောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် ငါးနှစ်ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးချစ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ ငါးနှစ်ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲတင်ပြ နိုင်ရေးနှင့်စီမံကိန်းလုပ်ငန်းဆိုင်ရာအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းများနှင့်သက်ဆိုင်သည့် ဌာနများမှ တာဝန်ရှိသူတို့က မိမိတို့ဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)