သတင်းများ

မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ Phase-3 ဒုတိယအကြိမ်အဖြစ် ထိုးနှံပေး
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူအား Sinovac အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို Phase-3 ဒုတိယအကြိမ်အဖြစ် ယနေ့နံက်ပိုင်းက ဆေးထိုးစုရပ် (၉)နေရာ၌ တစ်ပြိုင်နက်ထဲ စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ် ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များက လည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့၊အခြေခံပညာအထက်တန်း ကျောင်း၌ပညာရေးမိသားစုမှ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်
Nov 15,2021
တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အခြေခံပညာအထက်တန်း ကျောင်းတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော  ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းမှ ပညာရေးမိသားစုများ စုပေါင်း၍ ပြုလုပ်ခဲ့ ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကား သံများ
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ပြန်လည်ကောင်းမွန်လာ၍ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေသူ ဒေါ်အိအိဖြိုး၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။
ပိုင်ကျုံမြို့၌ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ပြုလုပ်
Nov 15,2021
ကရင်ပြည်နယ် ဘားအံခရိုင်ခရိုင် ပိုင်ကျုံ​မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေး (Talk Show)ကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီး မဏ္ဍိုင်)၊ကျေးလက်ကျန်းမာရေးဌာနခွဲ(လေညာ)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(တောင်ငယ်)တို့တွင်ကိုဗစ်-၁၉ ကာကွယ်ဆေးPhase (4) First  Doses အားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ "မြန်မာ့တန်‎ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်းသိကောင်းစရာ" ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် "မြန်မာ့တန်‎ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ "အစီအစဉ်ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ မိုးစပါး စံကွက် ရိတ်သိမ်းပွဲကျင်းပ
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာအုပ်စု၊ပန်းပဲစုကျေးရွာ ကွင်းအမှတ်(၁၁၈) ပန်းဘဲစုအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၅+၂၆+၂၇+၄၅)၊ စုစုပေါင်း(၃၇.၁၁)ဧကရှိ တောင်သူ ဦးအေးသန်းစိုက်ပျိုးလုပ်ကိုင်သောမြေအတွင်းမှ စိုက်ပျိုးထားသည့် ဒေသစပါးမျိုးပေါ် ဆန်းရင်(သင့်) အဆင့်အတန်းကိုယ်စားပြုစံပြကွက်အား ယနေ့နံနက်၉နာရီခွဲ၌ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။
မြို့သစ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ဆောင်ရွက်
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။