သတင်းများ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် (မော်လမြိုင်) ဘက်ခြမ်း ဖားစည်ကျွဲချို မုခ်ဦးဖွင့်လှစ်
Feb 10,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂု ဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ (မော်လမြိုင်) ဘက်ခြမ်း မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးကို ဖွင့်လှစ်ပေးခဲ့သည်။
မိုးမောက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်
Feb 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးမှ ပြည်ထောင်စုနေ့ဆိုင်ရာအသိပညာများ၊ ဗဟုသုတတိုးပွားရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရန်၊ ပြည်ထောင်စုနေ့နှင့် မြန်မာနိုင်ငံ၏ အလေးထားအပ်သော နေ့ထူးနေ့မြတ်များ အကြောင်းကို ကျောင်းသူ/သားများ သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စုရှိ နေရပ်စွန့်ခွာပြည်သူများအား လူသုံးကုန်ပစ္စည်းနှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပုံနေကျေးရွာအုပ်စု၊ ဖာဆေကျေးရွာ ရှိ နေရပ်စွန့်ခွာပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့်အဝတ် အထည်များ ထောက်ပံ့ပေး ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ဖာဆေကျေးရွာတွင် ထောက်ပံ့ပေးခဲ့သည်။
ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အိမ်အရောက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 10,2022
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ်ဒုတိယဦးစီးမှူးဒေါ်ဆုမွန်သက်နှင့်အတူ ဝန်ထမ်းအဖွဲ့များသည်သင်္ဘောကျင်း ရပ်ကွက်ရှိ နေအိမ်များထံသို့ ယမန်နေ့ နံနက်၁၀နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို အရှိန်အဟုန်မြှင့် နေ့စဥ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လိုက်မြို့၌ ပြည်သူများမြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့ပေါ်ရှိပြည်သူများ မြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်(ဒုတိယနေ့)အဖြစ် ထိုးနှံပေး
Feb 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ် ဒုတိယနေ့အဖြစ်  ဂွမြို့ သာသနာ့ဗိမ္မန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/ အုပ် အစည်းအဝေးခန်းမတို့တွင် ဖေဖော်ဝါရီ(၈) နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ငရုတ် ကောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ချောက်မြို့၌ လိုင်စင်အသစ်​လျောက်ထား​သော​ဆေးဆိုင်နှင့် ​ဆေးခန်းများအား ကွင်းဆင်းစစ်​ဆေး
Feb 10,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့၌ လိုင်စင်အသစ်​ လျောက်ထား​သော​ဆေးဆိုင်နှင့်​ ဆေးခန်းများအား ကွင်းဆင်းစစ်​ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။