ချောက် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ လိုင်စင်အသစ် လျောက်ထားသောဆေးဆိုင်နှင့် ဆေးခန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မြို့မရဲစခန်းမှူး၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ် ဦးစီးအရာရှိတို့ ပူးပေါင်း၍ ချောက်မြို့ပေါ်ရှိ ဆေးခန်း၊ ဆေးဆိုင်များ သက်တမ်းတိုးလိုင်စင် အသစ်လျောက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဆေးခန်း၊ ဆေးဆိုင်များမှ ဆိုင်ရှင်များနှင့် ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး လက်မှတ် ရှိ၊ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်မိုး