ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငရုတ်ကောင်း   ဖေဖော်ဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ငရုတ် ကောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်ငရုတ်ကောင်းမြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ကကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်(Omicron)ရောဂါပိုးကူးစက်မှုများပြန့်နှံ့လာပြီဖြစ်သဖြင့်ကိုဗစ်-၁၉ကူးစက်မှုကာကွယ် ထိန်း ချုပ်နိုင်ရေးဆောင်ရွက်ရန် အတွက် မြို့ဝင်စစ်ဆေးရေးဂိတ်တွင်ခရီးသွားပြည်သူများ အားနှာခေါင်း စည်း(Mask)များ မဖြစ်မနေတပ်ဆင်သွားလာနိုင်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားမှု ကတ်ပြားများ ပါရှိရေးစစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းနှင့်ပတ်သတ်၍ သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)