ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေး

မောင်တော ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့် သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  သတ္တမအသုတ်၊ ပထမအကြိမ်အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၁၂ ဦး၊ မှီခိုသူ ၃၅၈ ဦး စုစုပေါင်း ၆၇၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)