ကာမိုင်း ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်းပြီး ထမနဲထိုးပွဲကို ဖေဖော်ဝါရီ (၁၄) ရက် မွန်းတည့် (၁၂) နာရီကစတင်၍ မြို့မ (၃) ရပ်ကွက်ရှိ ကောင်းမြတ်ချမ်းသာ ဆုတောင်းပြည့်မြို့ ဦးစေတီတော်ဘုရား၀င်း အတွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ထမနဲတစ်အိုးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ဌာနဆိုင်ရာများက ထမနဲ (၅) အိုးကိုလည်းကောင်း၊ စေတနာရှင်ပြည်သူများက ထမနဲ (၇) အိုးကိုလည်းကောင်း ပျော်ရွှင်စွာ ဝိုင်း၀န်းထိုးနှံကြပြီး ဧည့်ခံကျွေးမွေးခြင်းနှင့် လာရောက်သူများကိုလည်း တစ်ဦးလျှင် တစ်ထုပ်နှုန်းဖြင့် စုပေါင်းအလှူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)