မြန်အောင် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Cerntre တွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများ၏ ပူဖောင်းညှပ်ကစားနည်း၊ အိတ်စွပ်အပြေးပြိုင်ပွဲနှင့်စာအုပ်ရွက်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် အ.မ.က တာကြီးတန်း ကျောင်းအုပ်ဆရာမကြီးတို့က ဆုရကျောင်းသားကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် အများပြည်သူ အသိ ပညာဗဟုသုတ ရရှိစေရေးအတွက် စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ သတင်းအချက်အလက်ဖြန့်ချိခြင်း၊ သတင်း မှန်များစီးဆင်းစေခြင်း၊ အင်တာနက်ဝိုင်ဖိုင်အခမဲ့ ထုတ်လွှင့်၍ ဝန်ဆောင်မှုပေးခြင်း၊ ပြပွဲပြိုင်ပွဲများ၊ အစည်းအဝေးများကျင်းပခြင်းစသည့် အများပြည်သူ ဝင်ထွက်သွားလာရာ နေရာတစ်ခုဖြစ်လာစေရေးအတွက် လူထုအခြေပြုသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဌာနအစီအစဉ်ဖြင့်ဆောင်ရွက်ခြင်း၊ အခြားဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူများအား အသိပညာဗဟုသုတများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် လူထုအခြေပြုဗဟိုဌာန Community Centre အဖြစ် ပြောင်းလဲဆောင်ရွက် မှုများနှင့်အတူ လူထုအခြေပြုစာကြည့်တိုက် Community Library ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)