ပေါင်းတည်မြို့၌ တန်ဖိုးထားအပ်သော အရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပေါင်းတည်  ဖေဖော်ဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာဖေမြင့် ရေးသားထားသည့် "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် စာပေဗဟုသုတတိုးပွါးရရှိပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေ ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာဖတ်ဝိုင်းအပြင် အသိပညာပေး Talk Show အစီအစဉ်များကိုလည်း ရိုက်ကူးပြီး Facebook Page မှတစ်ဆင့် လွှင်တင်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)