ပင်လောင်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ပင်လောင်း   ဖေဖော်ဝါရီ   ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီး သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုနယ်အားကစားကွင်း ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးဒိုင်အဖွဲ့ချုပ်မှ ဆရာဦးခင်မောင်သန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး၊ ​မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားမှူး၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌတို့က  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့​နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ အဆိုပါ သင်တန်းတွင် ဟိုပုံးမြို့နယ်မှ သင်တန်းသားတစ်ဦး၊ ပင်လောင်းမြို့နယ်မှ သင်တန်းသား (၁၆)ဦးနှင့် ဆီဆိုင်မြို့နယ်မှ သင်တန်းသား (၁၁)ဦး စုစုပေါင်းသင်တန်းသား (၂၈)ဦး တက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်