ကွန်ဟိန်း ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ(၂:၃၀)နာရီအချိန်ခန့်က မြို့နယ် စီမံကိန်းရုံးနှင့် မြို့နယ်ကော်မရှင်ရုံးများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်း၊ဝတ္ထု စာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)