ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၁၆

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊ မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေးအဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည်  ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်နှင့် မဲပရကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ဆက်သွယ်ထားသည့်လမ်း ဖြစ်ပါသည်။ အရှည် ၃ မိုင်၊ အကျယ် ၂၈ ပေ၊ ထု ၂ ပေရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅.၁၆၅)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းဖောက်လုပ်ခြင်းကို Kayin Geology Co.Ltd မှတာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လမ်း‌‌ဖောက်လုပ်ခြင်းလုပ်ငန်းများပြီးစီးခြင်းကြောင့် မဲပရ‌ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာပြီးဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး (ပြန်/ဆက်)