မိုင်းတုံ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လပတ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကို မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာမှ ကွန်ကရစ်လမ်းခင်းခြင်း (၅၇၀)ပေ x.၁၀ပေ x၆လက်မထု ဆောင်ရွက်ပြီးစီးမှုကို မိုင်းဆတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ ၁၅-၂-၂၀၂၂ရက်နေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း အောင်မျိုးထက်နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းကို မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လပတ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသော လုပ်ငန်းဖြစ် သည်။ ကွန်ကရစ်လမ်းခင်းခြင်းသည် ခွင့်ပြုရန်ပုံငွေ(၁၀) သန်းနှင့်ပြည်သူထည့်ဝင်ငွေ (၂.၆၆) သန်း စုစုပေါင်း ကုန်ကျငွေ(၁၂.၆၆)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရပြီး ကွန်ကရစ်လမ်းခင်းခြင်းကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီနှင့် ကျေးရွာသူကျေးရွာသားများက တက်ညီစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)