တမူး ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် တမူးခရိုင် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗဟုသုတ ရရှိစေရန်၊ ပင်ကိုယ်အရည်အချင်းများ တိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ တမူးမြို့ပေါ်ရှိ အမကကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူ (၃၀)ဦးတို့က ဇွန်းကိုက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ဘောလုံးပေါက်ပြိုင်ပွဲများကို ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများအား တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်နှင့် ဝန်းထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့နံနက်(၁၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကိုလည်း တမူးမြို့ရှိ စာပေချစ်သူများ၊ စာပေးဝါသနာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ကြီး