မရမ်းကုန်း ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ပေါင်းစပ်ဆောင်ရွက်ပေးမှု့ဖြင့် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် သမဝါယမ အသင်းစုမှတဆင့် အသင်းသားများသို့ ဆန်များ စျေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။
အဆိုပါ စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသော ဆန်မှာ ကျောက်တန်းမြို့နယ်မှ ထွက်ရှိသော ကျားပျံပေါ်ဆန်းမွှေးဖြစ်ပြီး (၂၄)ပြည်ပါ ဆန်အိတ် စုစုပေါင်း (၂၁)အိတ်အား ကျောက်တန်းမြို့နယ် သမဝါယမအသင်းစုမှတဆင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံ သမဝါယမအသင်း (၆)သင်းမှ အသင်းသား ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်