မောက်မယ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင်ဟိုလွိုင်ကျေးရွာအုပ်စု ၊ မိုက်ညုကျေးရွာသို့ပန်းခင်းစီမံချက်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှဦးစီးမှူး ဦးစိုင်းစိုးစိုး လွင်က အမှာစကားပြောကြားရာတွင် အဆိုပါ ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားများဖြစ် ကြသောတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ၊ အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးမည့်အခြေအနေများ ၊ ပြည်သူများလာရောက် လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ် ပြားများဆောင်ရွက်ပေးရာတွင်အသက်အရွယ်ကန့်သတ်ချက်များနှင့်လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး နေမှုကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျေးရွာများသို့ လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေခဲ့ ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝန်ထမ်းများတို့က အိမ်ထောင်စုဇယားနှင့် အသက်(၁၀)နှစ်ပြည့် ၊ အသက် (၁၈) နှစ်ပြည့် ၊ လဲလှယ် ၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိစေရေးအတွက်ဒေသခံ တိုင်းရင်းသား များအားနိုင်ငံသားစိစစ်ရေးကဒ်ပြားများနှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)