နောင်ချို ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်းကြောင့် Online မှတစ်ဆင့် ပြည်သူလူထုအား ဗဟုသုတများ ဖြန့်ဝေပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးဇော်ဇော်အောင်က မီးသတ်ဦး စီးဌာနဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်သူများ လိုက်နာဆောင်ရွက်ရွက်ရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟု သုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်အား We Love Naunghkio Facebook Page မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)