နမ့်ခမ်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်းကျင်းပ

နမ့်ခမ်း         ဒီဇင်ဘာ     ၉

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက် ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်အတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းကျင်းပရသည်မှာ ပြည်သူများ၊ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများမှ စာဖတ်သည့်အလေ့အကျင့်များ တိုးတက်လားစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အပတ်စဉ် စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်ပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထုတ်ဝေသည့် “ ချစ်လို့ ပြောတာမှတ်ပါ ” စာအုပ်တွင်ပါဝင်သည့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြသည်။

နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများမှ ပူးပေါင်၍  ပြည်သူများ၊ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများမှ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်ရှိ ဗဟုသုတရရှိမည့် သုတစာအုပ်များအား အပတ်စဉ် စာဖတ်ဝိုင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)