မိုင်းလားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုင်းတုံ        ဒီဇင်ဘာ     ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်၊ တားပင်းကျေးရွာအုပ်စု၊ ဝမ်ရှဲန်ရွာ၌ ယနေ့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းလားမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစောအယ်ဒိုးနှင့် ဝန်ထမ်းများက တာပင်းကျေးရွာအုပ်စု၊ ဝမ်ရှဲန်ရွာရှိ တိုင်းရင်းသားပြည်သူ ၁၇၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးပြီး မိုင်းလားမြို့နယ်အတွင်းရှိ ကျန်ရှိသည့် ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ဆေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)