တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ကုတ်   ဒီဇင်ဘာ  ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ် အထိမ်းအမှတ်အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ()နာရီအချိန် က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက်လက်ထောက်- ဒေါ်ဌေးဌေးလွင် က ရခိုင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံများအား ရှင်းလင်းပြောကြားကာ စာပေမြတ် နိုးသူလူငယ်များက သိရှိလိုသည်များအားမေးမြန်း၍ စာကြည့်တိုက်မှူး ဒေါ်ဌေးဌေးလွင် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ "ဆယ်ကျော်သက်ရွယ် လူငယ်များအတွက် စာဖတ် ခြင်း" စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာပေမြတ်နိုးသူများက မှတ်မိသမျှပြန်လည်ဆွေးနွေးကာ စာကြည့်တိုက်မှူး ဒေါ်ဌေးဌေးလွင် က စာအုပ်ပါအကြောင်းအရာများအား ပြန်လည်ရှင်းလင်း ပြောပြခဲ့ကြောင်း သိရသည်။

စန်းဝင်း