အမ်းမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

အမ်း  ဒီဇင်ဘာလ  ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ()နာရီအချိန်ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လူတိုင်းသက်ရှည်ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ဆောင် စေရန်အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးရပ်ကွက်၊ ဈေးတောင်ရပ်ကွက်၊ လေယာဉ် ကွင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် တပ်တောင်မြို့များတွင် အပြေးပြိုင်ပွဲ မီတာ(၅၀၊ ၁၀၀) ခြေပူးအပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်၊ လွန်ဆွဲပွဲနှင့် အခြားအားကစား နည်းများကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ၊ အားကစား ဝါသနာရှင်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆက်လက်၍ ဆုများကိုလည်း ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း