ကျိုက်ထိုမြို့နယ် Community Centre တွင် ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်ထို   ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသော “ပန်းလိုချင် အပင်ပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကျိုက်ထိုမြို့နယ် ဦးစီးအရာရှိ ဒေါ်သန်းသန်း‌မော်က စာပေချစ်မြတ်နိုးသူများ  တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗဟုသုတများကို အပြန်အလှန်ဖလှယ် ဆွေးနွေးတက်သည့် အလေ့အထကောင်းများ ရရှိစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် Book Club  အဖွဲ့ နာယက ဦးအောင်သန်းက ပန်းလိုချင် အပင်ပျိုးတက်မှ၊ ပန်းလိုနုနယ် ကလေးငယ်၊ ကလေးကို ရိုက်သင့်မရိုက်သင့် ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပုံပြင်ထဲမှအလိမ္မာ၊ ကလေးနှင့်ကျောင်းထားချိန်၊ ကလေးနှင့်ပညာရေး၊ ကျောင်းနေပျော်၍ စာတော်ပါစေ ခေါင်းစဉ်များဖြင့် အသီးသီးဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့  တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)