တံတားဦး ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်း ပပျောက်ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိရေးတို့အတွက် ဓာတ်အားလိုင်းတစ်လျှောက်ရှိ သစ်ပင်ခြုံ နွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ (33/11)KV၊ (10) MVA ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ပေးထားသော (11) KV လက်ပံဇင်ဖီဒါ ဓာတ်အားလိုင်းတစ်လျက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကျေးရွာများ ဓာတ်အားပြတ်တောက်မှု လျော့နည်း ပပျောက်ရေးနှင့် စဉ်ဆက်မပြတ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားဗို့အား ပြည့်မီစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေးအတွက် မြို့နယ်နှင့်ရပ်ကွက်များတွင် ထရန်စဖော်မာများ တိုးချဲ့ တပ်ဆင်ခြင်း၊ ကာဗာပါသောဓာတ်အားကြိုးသစ်များ လဲလှယ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တံတားဦးမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
အဆိုပါ သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းရာသို့ မြို့နယ် လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းပပျောက်ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိရေး၊ လျှပ်စစ် အန္တရာယ်ကင်းဝေးရေးအတွက် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးမှ ဝန်ထမ်းများက အဖွဲ့ခွဲပြီး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန် ဓာတ်အားပိတ်၍ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အချို့နေရာများ၌ ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း၊ တံတားဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံး မှသိရသည်။
ရဲတင့်(တံတားဦး)