မန်ကန်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန်ကန်   ဒီဇင်ဘာ    ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ဒီဇင်ဘာ (၁၅)ရက်နေ့ နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မန်ကန်မြို့၊ နယ်မြေရဲစခန်း ဒုရဲအုပ်ချစ်ကိုဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာဗဟု သုတများ၊ လူကုန်ကူးမှုဆိုင်ရာဥပဒေပုဒ်မများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများ၊ သတိထားရမည့် လူကုန်ကူးမှုနည်းလမ်း အမျိုးမျိုးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

ကျော်ဇင်ထက်(ပြန်/ဆက်)