ရှမ်းရွာသစ် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ သူများ ကိုယ်ကာ ယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန် နေ့မွန်းလွဲ (၃) နာရီ အချိန်ခန့်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် KG ကလေးငယ်များနှင့် မူလတန်းကလေးငယ်များ တို့က မီတာ (၅၀) နှင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ပေးသွား မည်ဖြစ်ကြောင်း သိရှိရ သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)