ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ရက်နေ့မှစ၍  မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာ များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (၅)ဦး၊ မြို့သာဇုံမှ (-)ဦး၊ ငါန်းမြာဇုံမှ (၁၄)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၇)ဦး၊ သားကျင်ဇုံမှ (-)ဦး၊ ဂျိုဇုံမှ (၂)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာ ဇုံမှ (၁)ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက် (၁၈)နှစ်အထက် စုစုပေါင်း(၃၉)ဦး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီ ဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက စတုတ္ထအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ ဒီဇင်ဘာ ၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများ (၁၇၆)ဦး ကာကွယ်ဆေးထိုးနှံပြီးကြောင်း သိရသည်။   

သက်နောင်ဦး(ငါန်းဇွန်)