ရန်ကင်း ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ခင်းကျင်း ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်သော အဆိုပါ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲသို့ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုရေးအသင်းအဖွဲ့များက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
လှလှထွေး