လသာ ဒီဇင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက်(၁၀)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများကို ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအလွယ် တကူဖတ်ရှု လေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများ အပါအဝင် ဗီနိုင်း ပိုစတာများကို ပြသထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)