လသာမြို့နယ်တွင် ကျောင်းသား/​ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံ​ပေး

လသာ ဒီဇင်ဘာ ၁၆

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​ နံနက် နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂) လသာကျောင်းင်းအတွင်း၌ ​ကျောင်းသား၊​ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး​ဒေါက်တာ မျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊        ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာ​ရောက်သူများအား ကိုယ်အပူ ချိန်တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန် တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

ယ​နေ့တွင် ​ပထမအကြိမ် ထိုးနှံသူ​ ကျောင်းသား၊ ​ကျောင်းသူ ကျား(၃၅)ဦး၊ (၃၁)ဦး၊ စုစု​​ပေါင်း(၆၆)ဦးတို့ကို ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)