ပုလော ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချ မှတ်၍ အကောင် အထည်အဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/ သူများ အလွယ်တကူ ဖတ်ရှုလေ့လာပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပါဝင် သည့်ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီပွားရေး၊ လှုမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားကြောင်း သိရ သည်။
အေးအေးမော် (ပုလော)