လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

လှိုင်းဘွဲ     ဒီဇင်ဘာ   ၁၇

  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသနေ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ် (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်း လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမ၌ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား နှာခေါင်း စည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးသူများအား မိနစ်(၃၀)ခန့် အနားယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် စနစ်တကျထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးအလုံးရေ (၃၀၀၀)ဖြင့် လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်တိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံ နှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)