ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆဌမအသုတ် (ပထမ)အကြိမ် အဖြစ် လူဦးရေ(၅၀၀)ဦးအား စတင်ထိုးနှံ‌ပေးလျက်ရှိ

ပိုင်ကျုံ   ဒီဇင်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁၇) ရက်နေ့တွင် ဆဌမအသုတ်(ပထမ)အကြိမ်အဖြစ် လူဦးရေ (၅၀၀)ဦးအား စတင်ထိုးနှံပေးလျက် ရှိကြောင်း  သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူပေါင်း၍ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)