မြောင်းမြမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

 မြောင်းမြ   ဒီဇင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြောင်းမြခရိုင် မြန်မာ့စီးပွားရေးဘဏ်သို့ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုရာတွင် အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး စာကြည့်တိုက်သို့ မလာ​ရောက်နိုင်သည့် ဝန်ထမ်းများအတွက် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ်ပုံမှန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အသင်းဝင်ကတ်များကိုလည်း အခမဲ့​ဆောင်ရွက်ပေးခဲ့​ကြောင်း သိရပါသည်။

စန္ဒာကြည်(ဦးစီးအရာရှိ )