ကျိုင်းတုံ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ဆေးထိုးစုရပ် နေရာများတွင် တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးခဲ့သည်။
ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူ ဒေသခံပြည်သူ ၆၃၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အဓိကကျသည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)