ဇလွန်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေထုတ်ချေးပေး

ဇလွန်    ဒီဇင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြင်ရွာကျေးရွာအုပ်စုအတွင်းရှိ ပြစ်ဆယ် ၊ ကျုံပတုတ်၊ သရက်ချောင်း ကျေးရွာတို့အား မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျုံပတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။

အဆိုပါ ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု စုစုပေါင်း (၉၉)စုအားငွေကျပ်သန်း (၂၉.၄၅)သန်း ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းချေးငွေကို အတိုးနှုန်းအနေဖြင့် စီမံကိန်းဆောင်ရွက် သည့်နှစ်တွင် ငွေကျပ် (၁၀၀) အတွက် တစ်လလျှင် ပြား (၅၀)နှုန်း သတ်မှတ်ထားပြီး တိုးပွားလာသော အတိုးငွေများအား ကျေးရွာပိုင်ငွေ အဖြစ်ထားရှိ၍ ချေးငွေပိုမိုထုတ်ချေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)