ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပ

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်း၌ယနေ့၊ နံနက်(၉)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ များကို ခရိုင်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၄)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၄)ဦး အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၄) ဦး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၄)ဦး၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၇၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အခြေခံပညာ ဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော တိုင်းအဆင့်ပြိုင်ပွဲသို့ ဆက်လက်ရွေးချယ် ဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး၊ တိုင်းအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ အ.ထ.က(၂)လသာ ကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)