နမ့်စန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်စာဖတ်ဝိုင်းကျင်း

နမ့်စန်(တ) ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက မက်မွန်မုန်း ကျေးရွာအုပ်စု၊ အမှတ် (၂) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ ငှားရမ်းကာ စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများအား စကားပုံဆက် ယှဉ်ပြိုင်စေခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက် (၀၉-၆၉၂၁၂၁၁၂၃)